နတ်မောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံဧကများအတွက် ဆဋ္ဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

နတ်မောက် သြဂုတ်  ၁၄               

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊  နွားစာပြောင်းများအနက် မိုးနှမ်း (၁၀၀၂၀.၂၈) ဧကနှင့် မြေပဲ (၇၂.၂၁)ဧက၊ စုစုပေါင်းဧက (၂၂၀၀၄.၅၅) ဧကအတွက် တောင်သူဦးရေ (၅၉၁၁)ဦးအား ဆဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ချို က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်  စိုက်ပျိုးရာသီတွင် မိုးလို၊ မိုးခေါင်မှုကြောင့် ပျက်စီးသွားသော သီးနှံများအတွက်  တစ်ဧကလျှင် (၅၀၀ဝိ/)နှုန်းဖြင့်  ငွေကျပ်(၅၀၁၀၁၄၀ဝိ/) ကို  ရွှေပန်းတောကျေးရွာအုပ်စု၊ ပ-လက္ခုပ္ပင်ကျေးရွာအုပ်စု၊ မြို့မရပ်ကွက်၊  အလယ်ရွာကျေးရွာအုပ်စု၊ အိုင်ပေါက်ကုန်းကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာအုပ်စု၊ တက်ဝန်ကျေးရွာအုပ်စု၊ ဘန်းကုန်းကျေးရွာအုပ်စု၊ တောင်ထောင့်ကျေးရွာအုပ်စု၊ ထုံးပေါက်ချိုင်းကျေးရွာအုပ်စုနင့် ရေထွက်ကျေးရွာအုပ်စုများရှိ တောင်သူများ၏ သီးနှံပျက်စီးမှုဧကအလိုက် ထောက်ပံ့ငွေများကို       မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု  ကော်မတီဝင်များ က   ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရပ်ကျေးစာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ၎င်းတို့မှတစ်ဆင့် တောင်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ်(နတ်မောက်)