မော်လမြိုင် ဩဂုတ် ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကြောင့် ကူးစက်ပျံ့နှံ့မှုနှုန်း လျောနည်းကျဆင်းစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ဩဂုတ် ၁၃ ရက် ညနေပိုင်းက ဘိုကုန်းရပ်ကွက် ကမ်းနားလမ်းတစ်လျှောက် လမ်းသွား/လမ်းလာ ပြည်သူများ ယာဉ်များအား ရပ်တန့်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယုဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးသည်။
မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်မှုထိရောက်စွာဟန့်တားနိုင်ရေးအတွက် နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်ကဒ်ဖြင့် သွားရမည်ဖြစ်ပြီး ပြင်ပထွက်ခွာတိုင်း ပါးစပ်၊နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်ကြရာတွင် ပထမအကြိမ် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါ ဒဏ်ငွေငါးရာကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်းနှစ်ခု ပေးအပ်ကာ အခုတပ်ဆင်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စည်းကမ်းသတ်မှတ်ချက်များ လိုက်နာရန်ပျက်ကွက်ပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဖြစ်ပြီး အလားတူကျန်ရှိသည့် ရပ်ကွက်များတွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)