မြောက်ဦး ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်စွာထုတ်လုပ်ရရှိ နိုင်ရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေးနိုင် ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံမှ မြို့နယ်ပြည်သူ့ဆေးရုံများ၌ အရေးပေါ် အောက်ဆီဂျင်လိုအပ်ပါက နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ လိုအပ်သော အောက်ဆီဂျင်များအား နေ့စဉ်အချိန်မှီဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းအနေဖြင့် မိမိတို့အောက်ဆီဂျင် စက်ရုံမှ (၄၀) လီတာဆန့် အောက်ဆီဂျင်အိုး (၄၀)လုံးဖြင့် နေ့စဉ်ထုတ်လုပ်လည် ပတ်လျက်ရှိ ကြောင်း၊ မြောက်ဦးမြို့နယ်အတွင်း အရေးပေါ်အောက်ဆီဂျင် လိုအပ်ချက်များ၊ အောက်ဆီဂျင်မလုံ လောက်မှုများ၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် မြို့ပြည်သူ့ဆေးရုံများ၌ တက်ရောက်ဆေး ကုသနေကြသော အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်အလုံအလောက် ထုတ်လုပ်ပေးလျက်ရှိသည့်အပြင် ခရိုင်အတွင်းရှိ မြို့နယ်များနှင့် အနီးအနားပတ်ဝန်းကျင်ရှိ မြို့နယ်များဖြစ်သော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များ မြို့နယ်ပြည်သူ့ ဆေးရုံများ၏ အရေးပေါ်အောက်ဆီဂျင် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး နေ့ညမပြတ် ကူညီဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း နန်းရိပ်ကရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမောင်းဝင်းရွှေထံမှ သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)