တောင်သာ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံ Ling Hein Ls-30 အမျိုးအစား စက်ရုံအား တောင်သာမြို့ အမှတ်(၆)ရပ်ကွက် ဘိုးဘွားရိပ်သာ၌ ယနေ့နံနက်(၉) နာရီခွဲ အချိန်က အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယခုတည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံသည် ငွေကျပ်သိန်းပေါင်း(၁၃၅၀)တန်းဖိုးရှိ Ling Hein Ls-30 အမျိုးအစားစက်ရုံးမှ တစ်နေ့လျှင် အောက်စီဂျင်အရည် (၄၀)လီတာဆံ့အိုးအလုံးပေါင်း (၈၀)ကျော်ထွက်ရှိမည်ဖြစ်ပြီး တောင်သာမြို့နယ်အတွင်း အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည့်အပြင် ပတ်ဝန်းကျင်မြို့ နယ်များကိုပါ ဖြန့်ဝေပေးနိုင်မည်ဖြစ်သဖြင့် တောင်သာမြို့နယ် အတွင်းရှိ ပြည်သူလူထုမှ ဝမ်းမြောက်လျက်ရှိကြောင်းအဆိုပါစက်ရုံအား ရေရှည်အသုံးပြုနိုင်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးချိန်တွင် ကျန်းမာရေးလုပ်ငန်းများသာမက စက်မှုလုပ်ငန်းများတွင်ပါ သုံးစွဲနိုင်မည့် အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အောက်စီဂျင်ဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)