ယင်းမာပင် ဩဂုတ်လ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် က ခရိုင်စုပေါင်းရုံးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများနှင့် Volunteer များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင် ဆလင်ဒါအိုး အလုံး (၂၀) ၊ ကွတ်စထရေတာ (၅) လုံး၊ ဦးထုပ် (၃) ဗူး၊ ခြေအိပ် (၂၀) စုံ ၊ လက်အိတ် (၃) ဗူး ၊ မျက်မှန် (၁၀၀) ခု ၊ PPE Level 1 (၄၀၀) ၊ PPE Level 3(၂၀) ၊ 95 Mask (၂၀) ဗူး၊ ရိုးရိုး Mask (၅၀၀၀) ခု၊ Hand Jel (၂၀) ခု ၊ Face Shield (၆၅) ခု နှင့် စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ယင်းမာပင်)