သတင်းများ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကာမိုင်းချောင်းရေ အနည်းငယ်တက်လာ၍ အနိမ့်ပိုင်းအိမ်များ ရေများဝင်ရောက်
Aug 14,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ သြဂုတ်လ(၁၃)ရက်ညပိုင်းနှင့် (၁၄)ရက်နံနက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းမှာ ရေအနည်းငယ်မြင့်တက်လာသဖြင့် ပေ(၃၀၀)တံတားရှိ ကြမ်းခင်းနှင့် (၅)ပေအကွာထိ တက်လာသဖြင့် ချောင်းကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းများအတွင်းသို့ အနက်ပေ (၁)ခန့်၊ အလျား‌ပေ (၁၀၀)ခန့် အထိသို့ ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဆက်လက်ပို့ဆောင်
Aug 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား (၃၁၄)ဦးအား ယနေ့နံနက် (၆)နာရီ က တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ဟားခါးပြည်သူ့ဆေးရုံအတွက် တပ်မတော်မှလှူဒါန်းသည့် Oxygen Plant စတင်မောင်းနှင်
Aug 14,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံအတွက် တပ်မတော်မှလှူဒါန်းသည့် Oxygen Plant အား ယနေ့ညနေ ၄ နာရီတွင် စတင်မောင်းနှင်လာပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်အောင် ထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ကိုစုရပ်အလိုက် ထိုးနှံပေးလျှက်ရှိ
Aug 14,2021
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီက ဆေးထိုးစုရပ်နေရာတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လသာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိ
Aug 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်၊၊
ဇလွန်မြို့နယ်အတွင်းရှိအသက်( ၆၅ )နှစ်နှင့်အထက်ဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု အ.ထ.က(နန်းတော်ကျွန်း)နှင့် ရေလဲကျေးရွာအုပ်စု အ.ထ.က-ခွဲ(ကျွန်းကြီး)တို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူများအား ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေလှူဒါန်း
Aug 14,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေလှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီခွဲ က မေဃဂီရိရပ်ကွက်၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၈၂လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လာရှိုးမြို့၌ ဆန်၊ စားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန် က နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်းများအတွက် ဆန်၊စားသောက်ကုန်များနှင့် လားရှိုး ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသရေးစင်တာသို့ အလှူငွေများ လှူဒါန်းပေးခဲ့သည်။