နတ်မောက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့ သြဂုတ်(၁၃)ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က လာရောက်စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၇၆၈)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ရပ်ကွက်/ကျေးရွာများရှိ အတည်ပြုလူနာ စုစုပေါင်း(၈)ဦးတို့မှာ ပန်းတော်ကျင်းကျေးရွာ(၁)ဦး၊ န-လက္ခုပ္ပင်ကျေးရွာ(၁)ဦး၊ လဲဘူးကျေးရွာ (၁)ဦး၊တမာပင်ရပ်ကွက် (၂)ဦး၊ သမှုန်းကုန်းကြီးကျေးရွာ (၁)ဦး၊ ဈေးရပ်ကွက်(၂)ဦးတို့ဖြစ်သည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာစုစုပေါင်း(၇၆၈)ဦးရှိပြီး၊ ဆေးရုံဆင်း (၆၆၁)ဦး၊ ယနေ့အထိပိုတွေ့သူများကို ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာတို့တွင် (၇၆)ဦးထားရှိပြီး သေဆုံး သူ(၃၁)ဦးအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)