မြောက်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသည့် ပြည်သူများ အား နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ရွာဟောင်းတောကျေးရွာအုပ်စု ၊အမှတ်(၃၁)လုံခြုံရေး ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။