တပ်ကုန်းမြို့၌  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်

တပ်ကုန်း    ဇွန်   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့်နံရံကပ် စာစောင်များပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ဆရာစံရပ်ကွက်၊ မူလွန်(၂) ကျောင်းတွင် ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆရာစံရပ်ကွက်၊ မူလွန်(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းနု က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များ ဖြန့်ဝေပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း ဟောပြောခဲ့သည်။ထို့ နောက် ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်း အရာများကို ဉာဏ်စမ်းမေးမြန်း၍ ဖြေဆိုနိုင်သည့်ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ် များ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ ကြောင်းနှင့် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများအား  သတင်းစကားလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 တင်စိုးလွင်(ပြန်/ဆက်)