မြောက်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မြောက်ဦး  ဇွန်  ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်နှင့် ဝန်ထမ်းများသည်  ပန်းခင်းစီမံချက် အရ  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသည့် ပြည်သူများ အား နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ရွာဟောင်းတောကျေးရွာအုပ်စု ၊အမှတ်(၃၁)လုံခြုံရေး ရဲတပ်ရင်း အစည်းအဝေးခန်းမ၌   ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာ၌ အသက်(၁၈) နှစ်ပြည့် နိုင်ငံသား စိစစ် ရေးကတ် ပြားများပြုလုပ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ မပြုလုပ်ရသေးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပျက်စီး/ ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြန်လည် လျှောက်ထား စေခြင်းခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းအသစ်များ ပြုလုပ်ပေးခြင်း၊ မွေးတိုးများကို ဖြည့်သွင်း ပေးခြင်းနှင့် သေဆုံးသူများကို အိမ်ထောင်စု စာရင်းမှ ဖျက်ပေးခြင်းများအား မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများကကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များပေးအပ်ခြင်းသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်း နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အမှတ်(၃၁)ရဲ တပ်ရင်းမှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင် မိသားစုများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦး ရေစာရင်း (၂၇)ခုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈)ခုတို့အား တာဝန်ရှိသူများမှ အမှတ်(၃၁) လုံခြုံရေး ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်မိသားစုများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း