မြစ်သားမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်သား    ဇွန်  ၂၄

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့တွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က"ကလေးသူငယ်အခွင့်အရေးများနှင့် နစ်နာဆုံးရှုံးမှုများ  နိုင်ငံတကာနှင့် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေမှုများ၊ ကလေးသူငယ်များကို ဥပဒေနှင့်အညီဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြစေလိုကြောင်းနှင့် အရွယ်ရောက်ပြီးသူများအနေဖြင့်လည်း ကလေးသူငယ် များအား ဝိုင်းဝန်းကာကွယ် ကူညီစောင့်ရှောက်ကြစေလိုကြောင်း အဖွင့်အမှာစကား တွင်ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (အတွင်းရေးမှူးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြို့နယ်အတွင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက ကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့် ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ  မြို့နယ်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)