သတင်းများ

အပြည်ပြည်ဆိုင်ရာမူးဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်လက်ကမ်း စာစောင်များအားငပုတောမြို့၌ဖြန့်ဝေ
Jun 24,2021
မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်မည့် အကျိုးဆက် အန္တရာယ် များအား ပြည်သူများ ရှောင်ကျဉ်စေနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ပေါ်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြံခင်း-ဆိပ်သာ-အကောက်တောင်လမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းဆောင်ရွက်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လမ်းဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်း- ဆိပ်သာ- အကောက်တောင် လမ်း  မိုင်တိုင်အမှတ် ၉/၂ - ၉/၃ တွင် စိန်ပန်းပင် (၁၀၀)စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင် အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့တွင် သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက်ပိုင်းက သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် လူမှုရေးဝန်ထမ်းဦးစီးဌာနမှအသက် (၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ဧရာဦး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေး နှင့်ပြည့််သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်ခန့်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အသစ်ဆောက်လုပ်မည့် မြို့ဝင် စစ်ဆေးရေးဂိတ် နေရာအား ကြည့်ရှုစစ်ဆေး
Jun 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်းနှင့် အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်(၁၁)နာရီ အချိန်က ဟိုပန်မြို့တွင် အသစ်ဆောက်လုပ်မည့် မြို့ဝင်စစ်ဆေးရေးဂိတ်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ  ဟိုပန်ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဦးလင်းအောင်မှ ဆောက်လုပ်မည့်အတိုင်းအတာနှင့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။