သတင်းများ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 24,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ချောင်းသာမြို့၌ အနံ့ပျောက်နေသူ နှစ်ဦးအား စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူနှစ်ဦးအား ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိကြောင်း ချောင်းသာတိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်ရေးမှူး (၁) ဦးထွန်းအောင်ကိုထံမှ သိရသည်။
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jun 24,2021
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
ပင်းတယမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jun 24,2021
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ အသိပညာဖွံ့ဖြိုးတိုးတက်၍ စာဖတ်သည့်အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် Covid -19 Postive လူနာ (၂)ဦးတွေ့ရှိ
Jun 24,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင်  ယနေ့နံနက် ၁၁နာရီက အနံ့မရသဖြင့် လာရောက်ဆေးကုသမှုခံယူနေသော လူနာ(၂)ဦးအား Covid-19 ရောဂါပိုး တွေ့ရှိ ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ (၆၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်‌၊ အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ သာသနာ ့ဗိမာန်သိမ်တော်ကြီး၌ ဇွန်လ (၂၄)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်က (၂၀၂၀)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာ‌အောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပတ္တမြားခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "အသက်နှစ်ဆယ်အရွယ်များသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ စာပေဖတ် ရူ့ခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၉နာရီ အချိန်က Community Centre ခန်းမတွင်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။