ပင်းတယမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ပင်းတယ    ဇွန်  ၂၄

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ အသိပညာဖွံ့ဖြိုးတိုးတက်၍ စာဖတ်သည့်အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစီးအရာရှိမှ ကျောင်းသား/သူများအား အားလပ်သည့် အချိန်များတွင် စာဖတ်သည့်အလေ့အထဖြစ်စေရန်၊ စာကြည့်တိုက်သို့သွားရောက်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့ပြီး ကျောင်းသား/သူများအား သုတ/ရသ စာအုပ်များ ဖတ်ရှုစေခဲ့ပြီး လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးစသည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)