ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

 

ပဲခူး    ဇွန် ၂၄

ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီးတွင် ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားများအခွင့်အရေး မဆုံးရှုံးစေရန်၊ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ မဲပေးခွင့် ရှိသူများရှိခဲ့ကြောင်း ရွေးကောက်ပွဲဥပဒေရ အသက် ၁၈နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ရှိသူများသာ မဲပေးခွင့်ရှိကြောင်း၊ အသက် ၁၈နှစ်ပြည့်သော်လည်း နိုင်ငံသား စိစစ်ရေး (မှတ်ပုံတင်) ကဒ်ပြားမရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးရသူများရှိသည်များကို စစ်ဆေး တွေ့ရှိချက်အရ သိရကြောင်း၊ ထို့ကြောင့် နိုင်ငံသားများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် (ပန်းခင်းစီမံချက်)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမျာကို ပြုလုပ်ပေးရန် စီမံဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိပါကလည်း စနစ်တကျ မပျောက်ပျက်ရန် ထိန်းသိမ်းဖို့လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၄) လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းမှ ပန်းခင်းစီမံချက် ဆိုင်ရာများ ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးတို့က ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၂၆၈)စု၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြား (၁၀၉၆) ခု ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း