သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက လပွတ္တာ(၃)မိုင် အ.ထ.ကကျောင်းနှင့် လူစည်းကားရာနေရာဖြစ်သော သင်္ဘောဆိပ်၊ ကမ်းနားစျေးတန်း၊  ရပ်ကွက်များသို့ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်​ဝေ​ပေးခဲ့ကြောင်း  သိရသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 25,2021
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ စျေးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အရန်မီးသတ်များ တက်ရောက်ကြသည်။
မိုင်းခတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသ
Jun 25,2021
 ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ခင်းကျင်းပြသ‌ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 25,2021
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ပဲခူးမြို့နယ် ဦးစီးမှူးရုံး၏ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် (၅)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jun 25,2021
၂၀၂၁ ခုနှစ် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ် အောက်(၅)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို မကွေးခရိုင် အားကစား ကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် မင်းဘူး ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် ကြည့်ရှုအားပေးကာ၊ ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော မကွေးခရိုင် အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မက်မန်းခရိုင်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (အထကမက်မန်း)၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
မိုင်းဖြတ်၌ ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က နမ့်လန်းကျေးရွာရှိ မြို့နယ်ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး၌ ဖွင့်လှစ်ကြောင်း သိရသည်။