လှိုင်းဘွဲ ဇွန် ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ယနေ့နံနက် ၁၁နာရီက အနံ့မရသဖြင့် လာရောက်ဆေးကုသမှုခံယူနေသော လူနာ(၂)ဦးအား Covid-19 ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုခံယူသော ဦးနိုင်ဦး၊(၅၂)နှစ်၊ အိမ်အမှတ် (၈၈)၊ သြဘာလမ်း၊ (ဂ)ရပ်ကွက်၊ လှိုင်းဘွဲမြို့နှင့်ဒေါ်အေးအေးစန်းအသက်(၄၅)နှစ်၊ နှစ်ဦးအား (COVID-19)ရောဂါပိုးရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးရာ (Postive) အဖြေထွက်ရှိသဖြင့် လှိုင်းဘွဲ မြို့ ပြည်သူဆေးရုံ သီးသန့် အဆောင်တွင် ထားရှိ၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ လူနာနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအား ဆက်လက်စုံစမ်း သွားမည်ဖြစ်ကြောင်းနှင့် နေအိမ်အား အသွားအလာကန့်သတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)