ဝက်လက်မြို့၌ မိုးစပါး စုပေါင်း စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မုဆိုခြုံကျေးရွာ ကွင်းအမှတ် (၃၃၀၃) ဦးပိုင် အမှတ် (၂၈)ရှိ တောင်သူ ဦးမိုးမြင့်ထွန်း ၏ မိုးစပါးတင်း (၁၀၀)ထွက်ရှိရေး စံပြမိုးစပါးစိုက်ခင်း (၅)ဧကတွင် ယနေ့နံနက် ၉ နာရီအချိန် က ထွက်နှုန်းမှတ်တမ်း သိရှိနိုင်ရန်အတွက် (၆ . ၆) ပေ ပတ်လည်ကွက် (၃)ကွက်နှင့် (၀. ၁၀) ဧကရှိ စံကွက် (၁) ကွက်၊ စုစုပေါင်း စံကွက်(၄) ကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်သည်။