ကွန်ဟိန်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ စာကောင်းပေကောင်းရဲ့အရသာစာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက် Book Club အဖွဲ့ဝင်များ ၊စာပေဝါသနာရှင်များက စာကောင်းပေကောင်းရဲ့အရသာစာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Book Club အဖွဲ့ဝင်များ၊စာပေဝါသနာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)