အောင်လံ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ပုံပြင်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန် ရည်ရွယ်၍ ပြိုင်ပွဲ၊ ပြပွဲများကို ကျင်းပဆောင်ရွက်ခြင်း ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောပွဲပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောခြင်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသားသူများအား ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ ကလေးစာဖတ်ခန်တွင် ကျောင်းသား၊ ကျောင်းသူများမှ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်စာအုပ်များဖတ်ခြင်း၊ ပုံပြင်ပြောပြခြင်း အစီအစဉ်အား ဆောင်ရွက်ခဲ့ပြီး ခင်ကျင်းပြသထားသော စာအုပ်စာစောင်များကို ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင် (ပြန်/ဆက်)