ဝက်လက်မြို့၌ မိုးစပါး စုပေါင်း စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

ဝက်လက်  ဒီဇင်ဘာ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မုဆိုခြုံကျေးရွာ ကွင်းအမှတ် (၃၃၀၃) ဦးပိုင် အမှတ် (၂၈)ရှိ တောင်သူ ဦးမိုးမြင့်ထွန်း မိုးစပါးတင်း (၁၀၀)ထွက်ရှိရေး စံပြမိုးစပါးစိုက်ခင်း ()ဧကတွင် ယနေ့နံနက် နာရီအချိန် က ထွက်နှုန်းမှတ်တမ်း သိရှိနိုင်ရန်အတွက် ( . ) ပေ ပတ်လည်ကွက် ()ကွက်နှင့် (. ၁၀) ဧကရှိ စံကွက် () ကွက်၊ စုစုပေါင်း  စံကွက်() ကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်သည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင်၊ တစ်ဧက ထွက်နှုန်းပျမ်းမျှအစို (၁၂၀)တင်း၊ အခြောက် (၁၀၈)      တင်းနှုန်းထွက်ရှိပြီး  ဝက်လက်မြို့နယ်တွင် မိုးစပါး စုစုပေါင်း (၁၄၁၂၈၇) ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ဧက၏ ( ၁၀ ) ရာခိုင်နှုန်းကို ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

မုဆိုးခြုံကျေးရွာ စံပြကွက် ရိတ်သိမ်းပွဲသို့ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ် စိုက်ပျိုးညှိနှိုင်းမှု ကော်မတီဝင်များ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုဆိုးခြုံကျေးရွာမှ တောင်သူ( ၄၅ ) ဦး တက်ရောက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)