ပေါင်းတည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အောက်စီဂျင်စက်ရုံလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ် ခဲ့ကြောင်းသိရသည်။
လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူများနှင့်လူနာများ ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အောက်စီဂျင်လုံလောက်စွာ ပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရထောက်ပံ့ငွေနှင့် မြို့မိမြို့မှလူဒါန်းငွေများဖြင့် ပေါင်းတည်မြို့ နွယ်ချို (၁)ရပ်ကွက် ပေါင်းတည်ပြည်သူ့ ဆေးရုံဝန်းအတွင်း တည်ဆောက်ထားရှိသည့် အောက်စီဂျင် စက်ရုံနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် (၂၅x၄၅)ပေသွပ်မိုး ကွန်ကရိခင်း အုတ်ကာ အဆောက်အဦ၊ 200 KVA ထရန်စဖော်မာ၊ Air Storage Tanks၊ Air Compressor၊Generator နှင့် Freeze Dryer တို့ကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းနှင့် မြို့မိမြို့ဖစကားကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ အလှူရှင်များကိုယ်စားဦးမြတ်ထွန်းမှ လွှဲပြောင်းပေးအပ်ရာပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်က လက်ခံရယူခဲ့ကြောင်းသိရသည်။
အေးအေးဆင့်(ပြန်/ဆက်)