ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက်၌ အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲကျင်းပပြုလုပ်

ပုံပါကျင်   ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသင်းအဖွဲ့များနှင့်ပူးပေါင်းပါဝင်တတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့်ဗဟုသုတများတိုးပွားလာ‌စေရန်ရည်ရွယ်၍ အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါအရုပ်နဲ့စာတွဲနည်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်ဆက်)