ဝါးခယ်မ မြို့နယ်တွင် ကလေးများ ကျောင်းနေပျော်၍ စာတော်စေရန် ဆွေးနွေးပွဲကျင်းပ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေ့လည်(၂)နာရီအချိန်တွင် အခြေခံပညာကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းနေပျော်၍ စာတော်စေရန် ကျောင်းစာတွင်သာမက ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အတွေးအခေါ်ကောင်းများရရှိစေရန်၊ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတ စာပေများကို ဖတ်ရှု့လေ့လာ ကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်က ဆွေးနွေးပေးပြီး အလယ်တန်း ပြဆရာမ ဒေါ်ဝါဝါမိုးက "ကာယ၊ ဉာဏ၊ စာရိတ္တ" ဘက်စုံဖွံ့ဖြိုးရေး၊ ယဉ်ကျေးလိမ္မာရေး၊ ဘက်စုံထူးချွန် ထက်မြက်အောင်ကြိုးစားရေး "ကျောင်းမှန်မှန်တက် စာမခက်"ဆိုသည့်အတိုင်း ကျောင်းနေပျော်၍ စာ တော်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန် ဆွေးနွေးခဲ့ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြိုင်ပွဲများ ကျင်းပခြင်း၊ ဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။