ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးလျှက်ရှိရာ အသက်(၁၈)နှစ်အထက်ရှိသူများ ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ သွားရောက်ထိုးနှံကြရန်၊ ကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံရန်တို့ကို အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း