(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့်ဟောပြောပွဲကျင်းပ

ပြင်ဦးလွင်    ဒီဇင်ဘာ  ၂၂

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပခြင်းကို ယနေ့ နံနက် ၁၀နာရီက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် အတူတကွကြိုးပမ်းခဲ့ကြသည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများနှင့် အသိပညာဗဟုသုတ တိုးပွားစရာများ၊  လွတ်လပ်ရေးနှင့်ပတ်သက်၍ ဆရာ မြင်းမူ မောင်နိုင်မိုး၏ "အထွတ်အမြတ်တွေးလွတ်လပ်ရေး" ဟူသော ကဗျာ၏ အနှစ်သာရအကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် နယ်လှည့်နံရံကပ်စာစောင်များ ပြသရာတွင်  ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)