မိုးညှင်း ဩဂုတ် ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပက်ထရိတ် ဘုရားကျောင်းရှိ တိုက်ပွဲရှောင်စခန်း အမှတ်(၁)မှ အိမ်ထောင်စုဝင်များအား ယနေ့ နံနက်(၉)နာရီခွဲက ရွေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့ပြောင်း နေရာချထားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်ဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တိုက်ပွဲရှောင်စခန်းအမှတ်(၁)မှ အိမ်ထောင်စုများအား ရွေ့ပြောင်းနေထိုင်ရန်အတွက် သတ်မှတ်စီစဉ် ဆောက်လုပ်ပေးထားသော အောင်သပြေ ရပ်ကွက်၊ အပိုင်း(၃) GTCကျောင်း အနောက်ဘက်ခြမ်းရှိလုံးချင်း နေအိမ်များသို့ ပြောင်းရွေ့နေထိုင်သည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၂)ဦးတို့ကို ကွင်းဆင်းကြည့်ရှု၍ အိမ်ထောင်စုများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးပြီး မိုးညှင်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းအမှတ်(၁)အား စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်