ရမ်းဗြဲ ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှဦးဆောင်ကာ ယနေ့နံနက် ၉ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာ ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုပေါင်းအဖွဲ့သည် ဆေးရုံခြံဝင်အတွင်းရှိ ခြုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ၊ ကူးစက်ရောဂါ အန္တရာယ်ကင်းဝေးစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင် ကြီးကြပ်မှုဖြင့်အင်အား ၇၀ ဦး တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဖြိုးဝေလင်း၊အောင်နိုင်