လောင်းလုံး သြဂုတ် ၂၆
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်က အမှာစကားပြောကြားပြီး၊ လောင်းလုံး မြို့မရဲစခန်းမှ ရဲမှူးမင်းကိုက နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးပါကြောင်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်၊ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းမှ ပန်းခင်စီမံချက်နှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီ ဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးဥပဒေအရ နိုင်ငံသားများ ပန်းခင်းစီမံ ချက် ဖြင့် အိမ်ထောင်စုလဦးစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ရာ၌ လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူအားလည်းကောင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိ သော်လည်းလက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအားလည်းကောင်း၊ ရွေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိ၍ လက်ရှိဒေသတွင် လည်းအိမ်ထောင်စုလဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ သူများအားလည်းကောင်း ပြုလုပ်ဆောင် ရွက် သွားမည် ဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလို သည်များကို မေးမြန်းဆွေးနွေး ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ဦးအောင်ထိုက်၊ မြို့မရဲစခန်းမှ ရဲမှူးမင်းကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံး မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။