ကျောက်တော် ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် လစာထုတ်ယူရန်လာရောက်ကြသော အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လတ်တလောအသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များတပ်ဆင်အသုံးပြုသွားလာကြရန်၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး အငြိမ်းစားဝန်ထမ်းများအား လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မပါရှိသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)