ခန္တီး ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ယမန်ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို အဆင့်မြှင့် အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း တက်ရောက်နေသည့် ကျောင်းသူ(၁၂)ဦးအား ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းကို အမှတ်(၁၄)တပ်မတော်ဆေးရုံ(ကုတင်-၂၅)မှ ဗိုလ်မှူး အောင်ပြည့်ဖြိုးက ဦးဆောင်၍ ထိုးနှံပေးခဲ့ပြီး စစ်ဗျူဟာ အခြေချ (ခန္တီး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။