ချောင်းဦး သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခန်းအနားတွင် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မှအဖွင့်အမှာစကားပြောကြားရာ တပ်မတော်မှ နိုင်ငံတော်အာဏာကို အခြေအနေအရ ခေတ္တ ထိမ်းထားခြင်းဖြစ်ကြောင်း၊ ထာဝရ ချုပ်ကိုင်သွားမှာ မဟုတ်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းသွားတာနှင့် လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ကျင်းပပေးကာ အနိုင်ရပါတီအား နိုင်ငံတော်အာဏာကို လွှဲအပ်ပေးသွားမှာ ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေများကို ပြောကြားခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ ချောင်းဦးမြို့အတွင်း လက်ရှိ ဆောင်ရွက်ထားမှုများ အားတင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းအောင်မှ လုံခြုံရေးဆောင်ရွက်ထားမှု အားတင်ပြခဲ့သည်။
မြို့နယ်ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးသန်းကိုမှ မြို့နယ်ဆေးရုံတွင်ဆေးကုသပေးနေမှု အခြေအနေကို တင်ပြခဲ့သည်။ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့၊ ပါတီကိုယ်စားလှယ်များမှ တစ်ဦးခြင်းတင်ပြ ဆွေးနွေးခဲ့သည်။
တိုင်းမှူးမှ တင်ပြချက်များကို ပြန်လည်ဆွေးနွေးကာ လိုအပ်ချက်များကို စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်အား တင်ပြကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ချောင်းဦးမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ တိုင်းမှူးနှင့် အဖွဲ့သည် အခန်းအနားအပြီးတွင် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွင်း တာဝန်ယူဆောင်ရွက်နေကြသည့် ဆရာဝန်၊ ဆေးမှူး၊ သူနာပြုများ အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ၊ စားသောက်စရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)