ပျော်ဘွယ် ဩဂုတ် ၃၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မိုးရွာသွန်းမှုများခဲ့ခြင်းကြောင့် ထရံကာကျေးရွအုပ်စု၊ သီးပင်ကျေးရွာ အနိမ့်ပိုင်းရှိလူနေအိမ်(၄၀)ခန့်တွင် ဩဂုတ်လ(၃၁)ရက်၊ နံနက်ပိုင်းက ရေများဝင်ရောက်ခဲ့ပြီး အဆိုပါကျေးရွာရှိ လူနေအိမ်နှစ်လုံးမှာ ရေမျောပါမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုများပြားခြင်းကြောင့် သီးပင်ကျေးရွာအတွင်းလူနေအိမ်(၄၀)ခန့်တွင် အနိမ့်ဆုံးနေရာ (၆)ပေခန့်၊ အမြင့်ဆုံးနေရာ(၆)လက်မခန့် ရေများဝင်ရောက်ခဲ့ပြီး အလျား(၁၈)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၁)ထပ်နေအိမ်တစ်လုံး၊ အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၁)ထပ် နေအိမ်တစ်လုံး တို့မှာ ရေမျောပါခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများဝိုင်းဝန်းပူးပေါင်း၍ ရေလွတ်ရာ နေအိမ်များသို့ ခေတ္တပြောင်းရွှေ့ပေးခဲ့ကြပြီး ရေဝင်ရောက်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)