သတင်းများ

မြိတ်မြို့တွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုများပြားသည့် ရပ်ကွက်/ကျေးရွာအား Hot Sport Area သတ်မှတ်၍ ပြည်သူများအား ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေး
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး ဖြစ်ပွားမှုများပြားလျက်ရှိသည့် မြိတ်တောင်ကျေးရွာနှင့် မြိတ်တောင်ရပ်ကွက်တို့ကို Hot Sport Area အဖြစ် သတ် မှတ်၍ ပြည်သူများအား ယနေ့တွင် နေရာ(၄)နေရာ၌ RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးလျက်ရှိသည်။
တနင်္သာရီမြို့နယ်တွင် (ဒုတိယ)အကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Aug 29,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် အဘိုးဘွားများနှင့် သာသနာ့အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ တနင်္သာရီမြို့ပေါ်တွင် အမက-ချောင်းငယ် ကျောင်းဆေးထိုးစုရပ်နှင့် တကူကျေးရွာအုပ်စု၊ အထက-တကူကျောင်းဆေးထိုးစုရပ်တို့တွင် တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေများပေးအပ် လှူဒါန်း
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာ ခရိုင်မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဝေဒနာရှင်များ နှင့် အောက်ဆီဂျင်လိုအပ်မည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု့ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၊မြို့မိ မြို့ဖများ ဌာနဆိုင်ရာများ ၊စေတနာရှင် အလှူရှင်များ စုပေါင်း၍ Oxygen Plant တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။
တောင်ကုတ်မြို့ကုတင် (၁၀၀) ပြည်သူဆေးရုံသို့ အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရောက်ရှိ
Aug 29,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း၌ ဩဂုတ် ၁၀ ရက် နေ့ပန္နက်တင်ကာ တန်ဘိုးငွေကျပ်သိန်း(၁၅၀)ကျော် အကုန်အကျခံ၍ မြို့မိမြို့ဖများက ဦးဆောင် ကာ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် တိုင်အမြင့်(၁၃)ပေ အကျယ်(၂၆) ပေပတ်လည် အုတ်ခုံအမြင့် (၅)ပေ သံတိုင်သံဖရိန် အုပ်ညှပ်သွပ်မိုးဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံမှာ ယနေ့ နံနက်က (၇၀%) ကျော်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယနေ့ နေ့လယ်က နေလသစ္စာ ကားဖြင့် အောက်ဆီဂျင်ထုတ် စက်သစ်တစ်လုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပဆောင်ရွက်
Aug 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယ နံနက် ၁၀း၀၀ နာရီက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အတွက် ကိုဗစ် -၁၉ ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်း ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် စတင်ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မိုင်းကိုင်မြို့နယ်၊ လွယ်ပူတောက်နေ အသက်ကြီးဘိုးဘွား အပါအဝင် ၃ ဦး အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိ
Aug 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ အတည်ပြုလူနာများကို မြို့ပေါ်ရပ်ကွက်တွင်သာမက ကျေးရွာများ၌လည်း အတည်ပြုလူနာများ စစ်ဆေးတွေ့ရှိနေရပြီး ယနေ့မနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လွယ်ပူတောက်တွင်နေထိုင်သော အသက်ကြီးဘိုးဘွားအပါအဝင် ၃ ဦးကို အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရေပြင်ရှာဖွေကူညီ ကယ်ဆယ် ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန် ဆောင်ရွက်နိုင်စေရန်အတွက် သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။