ကျိုက်ထိုမြို့သို့ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရောက်ရှိ
Aug 30,2021
ကျိုက်ထိုမြို့နေ ကိုဗစ်-၁၉ကူးစက် ရောဂါဖြစ်ပွားနေသည့်လူနာများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင်များမှ စု ပေါင်း လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်သည် ရန်ကုန်မြို့မှ စက်ရုံတည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမ ဗုဒ္ဓ ရုပ်ပွားတော်အနီးရှိ ဘုရားသုံးဆူတောင်ပေါ်သို့ရောက်ရှိ လာပြီဖြစ်ကြောင်းသိရသည်။