မော်လမြိုင်ကျွန်း သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာ ခရိုင်မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဝေဒနာရှင်များ နှင့် အောက်ဆီဂျင်လိုအပ်မည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု့ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၊မြို့မိ မြို့ဖများ ဌာနဆိုင်ရာများ ၊စေတနာရှင် အလှူရှင်များ စုပေါင်း၍ Oxygen Plant တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ Oxygen Plant တည်ဆောက်ရန်အတွက် (၂၅)ပေ၊(၈၀)ပေကျယ်ဝန်းသောမြေပေါ်တွင် (၂၀)ပေ၊(၆၀)ပေ အကျယ်အဝန်းရှိ အဆောက်အဦး တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စေတနာရှင်များမှ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီထံသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ် လှူဒါန်းမှုများတွင် မသွန်းရွှေရည်ထက် မိသားစု၊ရှောက်ချောင်းကျေးရွာအုပ်စု၊ ဆင်မဝဲချောင်း ကျေးရွာမှ ကျပ် သိန်း နှစ်ဆယ် တိတိ၊ မော်လမြိုင်ကျွန်း မြို့နယ်အသင်း(ဌာနေ) မှ နှစ်သိန်း ကျပ်၊ဦးစောအောင်(ဥက္ကဋ္ဌ၊မော်ကျွန်းအသင်း)ဒေါ်အေးအေးရီမိသားစု၊ ရန်ကုန် မှ နှစ်သိန်း ကျပ်၊ဒေါ်ရူပစန္ဒီ(စွန်းလွန်းကျောင်း) အမှူးထား၍ ဒေါ်စန်းစန်းမြင့်မိသာစု့၊အောင်ရိပ်သာလမ်းမှ ကျပ်တစ်သိန်းငါးသောင်း၊ ဦးခင်မောင်သိန်း-ဒေါ်ဌေးဌေး မိသားစု၊အောင်ဆန်း (၁)လမ်း ၊ဦးဘအေး- ဒေါ်အေးတုံ မိသားစု့ (၁၃)လမ်း၊ဦးဝင်းဗိုလ်-ဒေါ်ညို မိသားစု၊ ဘိုးတီလွတ်ကျေးရွာ၊ဦးလှမင်း-ဒေါ်စာဥ မိသားစု့၊ ဒေါင်းဥတိုကျေးရွာ ၊ဦးလူပု-ဒေါ်ကျင်စိန်မိသားစု့အရှေ့မဲဇလီ ကျေးရွာတို့မှ တစ်သိန်းကျပ်စီ ၊ အသီးသီး ပါဝင်လှူဒါန်း ကြသည်။
အောက်ဆီဂျင်စက်ရုံအတွက် တရုတ်နိုင်ငံမှ တစ်နာရီလျှင် ၄၀ liter အိုး ၉ လုံး၊ တစ်ရက်လျှင် (၁၂)နာရီ မောင်းနှင်ပြီး(၁၀၀)လုံး ထွက်ရှိမည့် စက်အား ဝယ်ယူထားရှိပြီး၊ မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စုပေါင်းလှူဒါန်း ငွေများဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
သီတာအောင်