သရက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာ ၉ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်၍ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့ နံနက်(၉) နာရီက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ရာတွင် ပထအကြိမ်ဆေးထိုးနှံပြီးသူ (၆၄၂၁) ဦးတို့အား နံနက်၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်နေရာ (၆) နေရာဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)