မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မချမ်းဘော့  စက်တင်ဘာ ၇

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အမျိုး အစားကို ဒုတိယအကြိမ်အဖြစ် ဦးစားပေးအုပ်စု အလိုက် ဆက်လက် ထိုးနှံပေးခြင်းကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာ အ.ထ.က ကျောင်း၌ ယ‌မန်နေ့နံနက် ၉ နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စုနှင့် နမ်ခမ်ကျေးရွာမှ အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်းများ၊ Volunteer စေတနာ့ ၀န်ထမ်းများ၊ ဘုန်းကြီး/သီလရှင်၊ ဘာသာရေးဆရာ/မများ၊ ဈေးရောင်းဈေး၀ယ်သူများအား အုပ်စု အလိုက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာဘာ ၆ ရက်နေ့တွင် ထိုးနှံသူပေါင်း (၂၅၁)ဦးထိုးနှံနိုင်ခဲ့ကာ စက်တင်ဘာလ  ၃ရက် နေ့မှ  စက်တင်ဘာလ ၆ ရက်နေ့အထိ စုစုပေါင်းဆေးအလုံးရေ ၁၀၁ လုံးဖြင့် လူဦးရေ ၄၆၉ဦး ထိုးနှံနိုင်ခဲ့ပြီး ထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေး ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ ကျန်းမာရေး ၀န်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့၀င်များက ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ဝိုင်းဝန်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မချမ်းဘော့