လားရှိုး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က လားရှိုးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အသက်(၁၀)နှစ်ပြည့်နှင့်(၁၈)နှစ်ပြည့် နိုင်ငံသားတိုင်း နိုင်ငံသားလက်မှတ်ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်အား ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ စီမံချက် ကာလသတ်မှတ်ကာ လားရှိုးမြို့ မြို့တော်ခန်းမတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို လေးကြိမ် ဆောင်ရွက် နိုင်ခဲ့ပြီး လူဦးရေး (၉၀၃၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပြီ ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်မော်ထွန်း ထံမှသိရသည်။
ဥမ္မာချို