မရမ်းကုန်းမြို့နယ်၌ ပန်းခင်းစီမံချက် ပိုမို​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းအစည်းအ​​ဝေးကျင်းပခြင်းနှင့် အများပြည်သူများ ကျယ်ပြန့်စွာသိရှိနိုင်​ရေး ဗီနိုင်းများ ​ပေးအပ်ခြင်း​အခမ်းအနား ကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၈

လူမှုဘ၀ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့​​ ဆောင်ပုဒ်နှင့်အညီ​ဆောင်ရွက်နိုင်​ရေးအတွက် ယ​နေ့နံနက် ၁နာရီက ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေး ခန်းမ၌ ပန်းခင်းစီမံချက်ပိုမို​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းအစည်းအ​​ဝေးနှင့် အများပြည်သူများကျယ်ပြန့်စွာ သိရှိနိုင်​ရေးဗီနိုင်းများ​ပေးအပ်ခြင်း​ အခမ်းအနား ကျင်းပခဲ့သည်။

အစည်းအ​ဝေးတွင် အဓိက​ဆောင်ရွက်မည့်အချက် ()ချက်ဖြစ်သည့် လက်ရှိ​ဒေသ၌​နေထိုင်ပြီးအိမ်​ထောင်စု စာရင်းရှိပြီး ကိုင်​ဆောင် လက်မှတ်မရှိသူများအတွက်​ဆောင်ရွက်ခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း​နေထိုင်၍ အိမ်​ထောင်စုစာရင်းမရှိ၊ ကိုင်​ဆောင်လက်မှတ် မရှိသူများ အတွက်​ ဆောင်ရွက်ခြင်း၊ ရွှေ့​ပြောင်း​နေထိုင်သူများအတွက် မူလ​ဒေသအိမ်​ထောင်စုစာရင်းရှိပြီး၊ လက်ရှိ​ဒေသကိုင်​ဆောင် လက်မှတ် မရှိသူများအတွက်​ ဆောင်ရွက်ခြင်းနှင့်​ ရွှေ့​ပြောင်း​နေထိုင်သူများအတွက် မူလ​ဒေသ/လက်ရှိ​ဒေသတွင် အိမ်​ထောင်စုစာရင်း/ကိုင်​ဆောင်လက်မှတ် မရှိသူများ အား​ဆောင်ရွက်​ပေးခြင်းများကို လုပ်​ဆောင်​ပေးလျက်ရှိပြီး ထိုသို့​ဆောင်ရွက်ရာတွင်​ရှေ့​ပြေး​လျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား)ဖြည့်သွင်းခြင်း၊ နိုင်ငံသားစိစစ်​ရေးကတ်ပြား ပြုလုပ်​ပေးရန်​ လျှောက်ထားရာတွင် ဓာတ်ပုံ၊ အိမ်​ထောင်စုလူဦးရေ စာရင်းမိတ္တူနှင့် အသက်အတွက်​ကျောင်း​ထောက်ခံချက်(သို့မဟုတ်) ​မွေးစာရင်းမိတ္တူ အစရှိသည့်ပါရှိရမည့် အချက်များအားယူ​ဆောင်လာ နိုင်​ရေး လုပ်ငန်းစဉ်​​​ကြောင်းအရာများကို လူ၀င်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးခင်​မောင်သန်းက ရှင်းလင်း​ပြောကြားပြီး ပန်းခင်းစီမံချက်ဗီနိုင်းအား အများပြည်သူ့ကျယ်ပြန့်စွာသိရှိနိုင်​ရေး​ဆောင်ရွက်ရန်အတွက် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများထံသို့​ပေးအပ်ခဲ့ပြီး ချိတ်ဆွဲပြသနိုင်​ရေး ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါအစည်းအ​ဝေးသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

​အေး​ကောင်း (ပြန်/ဆက်)