ကျွန်းစု စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့ရှိ ဘုန်းကြီး ကျောင်းများနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ကြက်သွန်နီများကို ပြည့်ဖြိုးထွန်း ကုမ္ပဏီ လီမိတက် ကျားကြီးအော် ပုဇွန်မွေးမြူရေး စီမံကိန်းက ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ဒေါက်တာအောင်လွင်၊ ဦးလှသန်း ပြည့်ဖြိုးထွန်းကုမ္ပဏီ လီမိတက် ကျားကြီးအော် ပုဇွန်မွေးမြူရေးစီမံကိန်း တာဝန်ရှိသူများက ဘုန်းကြီးကျောင်း (၄) ကျောင်း အတွက် ဆန်(၂၄)ပြည် (၆)အိတ်၊ ကြက်နီ(၃၀)ပိဿာ၊ စားဆီ (၃) ပိဿာနှင့် ကျားကြီးအော်ရွာ အိမ်ထောင်စု(၁၁၇)စု၊ ရေချိုချောင်းရွာ (၃၄)စု၊ ဇယော့ရွာ (၁၈)စု၊ မနွယ်ရွာ (၁၀၄)စု၊ မီးကျောင်းအော်ရွာ(၈၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၅၂၂)စုအတွက် ဆန်(၂၄)ပြည်အိတ် (၁၅)အိတ်၊ (၁၂)ပြည်အိတ် (၃၇၁)အိတ်၊ကြက်သွန်နီ (၅၂၂)ပိဿာ (တစ်အိမ် ၁ပိဿာနှုန်း)၊ ပဲလုံးဆီဘူး (၆၇၃) ဘူးတို့ကို ဒေသခံများလက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း ကျေးရွာ တာဝန်ခံထံမှ သိရသည်။
အေးသန္တာဖြိုး(ကျွန်းစု)