လှိုင်းဘွဲ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ အခက်အခဲမရှိစေရန်အတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့က မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲ မရှိစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)ပြည်ကို ငွေကျပ် ၁၀၀၀/- နှုန်းဖြင့် (၁)ပြည်မှ(၁၀)ပြည်အထိလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် ၁၀၀/- နှုန်းဖြင့် ကြက်ဥ(၁၀)လုံးအထိ လည်းကောင်း မြို့ပေါ် (၄)ရပ်ကွက်များတွင် မောင်တော်ယာဉ်ဖြင့် လိုက်လံ၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲ မရှိစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)ပြည်ကို ငွေကျပ် ၁၀၀၀/- ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် ၁၀၀/- နှုန်းဖြင့် ကျေးရွာများတွင်လည်း ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)