တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

တနိုင်း စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဒုတိယအသုတ်တွင်  ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၂)နေရာ သတ်မှတ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင် (၂၅)ဆံ့မှ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm (Vero) အမျိုးအစားဖြစ်ပြီး  တနိုင်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ တစ်ဦးထိုးဆေး (၉၀)နှင့် ငါးဦးထိုးဆေး (၁၀၇)လုံးအား လူဦးရေ (၆၂၅)ဦး  ဒုတိယအကြိမ် ဒုတိယအသုတ် ထိုးနှံပေးခြင်းကို တနိုင်းမြို့ကုတင်(၅၀) ဆံ့ပြည်သူ့ဆေးရုံစုရပ်နှင့် အ၊ထ၊က(၁) စုရပ်တို့တွင်  စုရပ်(၂)နေရာသတ်မှတ်၍ စက်တင်ဘာလ(၁၀)ရက်နေ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဒုတိယအသုတ် ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို တနိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊  ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန့်ဇင်ဦးနှင့် ဝန်ထမ်းများ၊ တနိုင်းမြို့ အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင် (၂၅)မှ ဆေးရုံတပ်မှူး ဗိုလ်မှူးထွန်းထွန်းနိုင်နှင့် အထွေထွေရောဂါကုသမားတော် ဒေါက်တာငြိမ်းချမ်းအောင် ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊  မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေမှူးများ ပူးပေါင်း ပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

ဝါဝါ(ပြန်/ဆက်)