မင်းပြားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

မင်းပြား စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ကူးစက်မြန်ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများ၌ ဆွမ်းအခက်အခဲ မဖြစ်ပွားစေရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နဝကမ္မ လှူဒါန်းငွေနှင့် မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းလှူဒါန်းငွေများကို စုပေါင်းပြီး မင်းပြားမြို့ပေါ်ရှိ  ပရိယတ္တိစာသင်တိုက်များနှင့်  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်စိမ်းနှင့်ဆီ စသည့် လှူဒါန်းဖွယ်ရာများကို ယမန်နေ့နံနက် ၈နာရီက စတင်ပြီး လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေး ခက်ခဲနေသည့်အတွက် ရဟန်းသံဃာများ၊ သီလရှင်များ၊ ဆွမ်းဝေယျာဝိစ္စ အဆင်ပြေစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နဝကမ္မ လှုဒါန်းငွေ ကျပ်သိန်း(၂ဝ)နှင့် မင်းပြားမြို့နယ် ဌာနဆိုင်ရာ လှူဒါန်းငွေများကို မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး  ဦးဆောင်ပြီး ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြို့မိမြို့ဖများ  ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပရဟိတ လူငယ်အသင်းများ၊ စုပေါင်းပြီး မင်းပြားမြို့ပေါ်ရှိ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်၊ အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်၊   ရတနာ့ဗိမန်စာသင်တိုက်၊ တက္ကသီလအလင်းရောင်ကျောင်းတိုက်၊ ဇေယျသုခကျောင်းတိုက် စသည့်  ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကျန်ရှိနေသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အဆိုပါ ပစ္စည်းများအား ဆက်ကပ် လှူဒါန်းလျက် ရှိကြောင်းနှင့် လှူဒါန်းငွေ စုစုပေါင်းမှာ (၃၃) သိန်း သုံးသောင်း နှစ်ထောင်ကျပ်တိတိဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သိန်းနုအောင်