လယ်ဝေး စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄) နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား စက်တင်ဘာ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စင်တာ၊ တိုက်နယ်ဆေးရုံများနှင့်ကျေးရွာကျန်းမာရေးဌာနများတွင် ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို လယ်ဝေးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ရပ်ကွက်(၇)ရပ်ကွက်နှင့်ကျေးရွာ(၂၉)ရွာမှ လူဦးရေ(၄၇၄၄) ဦးခန့်၊ သာဝတ္ထိတိုက်နယ်ဆေးရုံတွင် ကျေးရွာ(၁၆)ရွာမှ လူဦးရေ(၃၄၆၆)ဦးခန့်၊ အေလာ တိုက်နယ်ဆေးရုံတွင် ကျေးရွာ(၃၆)ရွာမှ လူဦးရေ(၃၇၃၃)ဦးခန့်၊ သပြေပင်ကျန်းမာရေးဌာန၌ ကျေးရွာ(၃၀)ရွာမှ လူဦးရေ(၂၆၇၂)ဦးခန့်၊ ကံသာကျန်းမာရေးဌာနတွင် ကျေးရွာ(၃၄)ရွာမှ လူဦးရေ(၂၁၃၄)ဦးခန့်၊ သစ်ပုတ်ပင်တိုက်နယ်ဆေးရုံတွင် ကျေးရွာ(၂၂)ရွာမှ လူဦးရေ(၂၆၆၆) ဦးခန့်နှင့် ဥသျှစ်လှိုင်း၊ မဒေါ့ပင်၊ ဝက္ကမူ ကျန်းမာရေးဌာနများတွင် ကျေးရွာ(၅၂)ရွာမှ လူဦးရေ (၄၂၄၉)ဦးခန့်အား အောက်တိုဘာ(၁၀)ရက်နေ့အထိ သတ်မှတ်ရက်များအတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း လယ်ဝေးမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေး ရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒာကျော်ထံမှ သိရသည်။