အောင်လံ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် Quarantine Center များအလိုက် ကူညီဆောင် ရွက်ပေးနေသော Volunteer များအား စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box စားသောက် စရိတ်ငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာသော တာဝန်ရှိသူများမှ အောင်လံမြို့နယ်အတွင်းရှိ ပရဟိတ အသင်းအဖွဲ့(၁၁)ဖွဲ့မှ Volunteer (၅၇)ဦးအား တစ်ဦးလျှင် ၁၂၀၀၀၀ /- ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၈၄၀၀၀၀ /-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)