ကံမ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက်များ တွင် လှည့်လည် ၍အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာ ကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ပြင်ပဧည့်သည်များအိမ်တွင် လက်မခံရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း တပ်ဆင်ရန်၊ ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကျဉ် ရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ရန်၊ ရောဂါပိုးကူး စက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီးဆေးကု သမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ အမြန် တားဆီးကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူအားလုံး လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပညာပေးလှည့် လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)