ဒက္ခိဏသီရိ စက်တင်ဘာ ၁၇
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက်အသက်ကြီးသူများ၊ လူအများနှင့်ထိတွေ့ဆက်ဆံနေရသည့်ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့် အထက်အသက်ကြီးသူများ၊ လူအများနှင့်ထိတွေ့ ဆက်ဆံနေရသည့်ဝန်ထမ်းများ စုစုပေါင်း လူဦးရေ(၄၀၀)ဦးခန့်ကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ရောဂါကာကွယ် ဆေးထိုးရန်ကျန်ရှိသူများကို စက်တင်ဘာ(၁၈)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)