မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် ( ၅၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်မှကြည့်ရှု အားပေး

မော်လမြိုင်ကျွန်း   စက်တင်ဘာ  ၂၀

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  အားကစားခန်းမသစ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၅၅) နှစ်မှ အသက် (၆၄)နှစ်အထိပြည်သူများ၊ နိုင်ငံ့ဝန် ထမ်းများ၊ မသန်စွမ်းသူပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုလုပ်ငန်းအား လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများမှ ယမန်နေ့ညနေ ၃ နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအား မြို့ပေါ် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သည့် တယ်ချောင်း၊ စော်ကဲ ချောင်း၊ မဲဇလီပုသိမ်စု၊ ရေလိန်၊ တန့်ငူ၊ ဒေါင်းရေကျော်ကျေးရွာ အုပ်စုများအား အလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ပြီး လပွတ္တာခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇွဲသူဟိန်း၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်ဗိုလ်မှူး မင်းထက်မှူးတို့မှ ကာကွယ်‌ဆေးထိုးနှံနေခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းများအား နေ့စဉ် နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိနှင့် နေ့လယ် ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ထိုးနှံပေးလျက်ရှိကာ ကျန်ရှိသည့်  ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအား ဆက်လက်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် ဆေးထိုးနှံရန်ကျန်ရှိသူများ အားလည်း အလှည့်ကျဆက်လက်၍ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်‌အောင်(ပြန်/ဆက်)