လိပ်သိုမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိ ပညာပေး နှိုးဆော်မှုများဆောင်ရွက်

လိပ်သို  စက်တင်ဘာ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက် များသို့ ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့အတွင်းရှိ အမှတ်(၁) ရပ်ကွက်၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည် အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင်  ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံသို့ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြပါရန်၊ အပြင် ထွက် ရာမှ ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါ ကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကိုကူစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအနေဖြင့်ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါ၀င်ကြစေရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း  မပျက်မကွက် ထိုးနှံကြပါရန်  လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးနှိုးဆော်မှုကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပေးလိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)